ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် တားဆီးကာကွယ် နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း ၉ နာရီခွဲမှ နံနက် ၁၁ နာရီအချိန်ထိ ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီထိ ၁ ကြိမ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်အတွင်း လူစည်ကားရာနေရာနှင့် သတ်မှတ်နေရာ(၆)နေရာတို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန် ပျက်ကွက်သူများအား ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းကော်မတီမှ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်သော စစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်နေရာ(၆)နေရာ၌ စစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရန် ပျက်ကွက်သူများအား အသိပညာပေးခြင်း၊ ဒဏ်ငွေကျပ်(၂၀၀)ကို ဒဏ်ကြေး လက်မှတ်ဖြင့် မှတ်တမ်းရေးသွင်း ပေးဆောင်စေပြီး နှာခေါင်းစည်း (Mask) ချက်ချင်းတပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
နန်းရွှေကြည်(ပြန်/ဆက်)