မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက်ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်

ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက်ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

လသာမြို့နယ်တွင် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများ ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လသာမြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရွာသစ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဖြည့်စွက်ရန်ပုံငွေ(၈၄.၆၆၃)သန်းဖြင့် ဆောင်ရွက်သော ရွာသစ် ဓာတ်တော်စေတီ တောင်ပေါ်အတက်လမ်း ပေ(၁၉၈၀)ပေ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို (၂၀.၅.၂၀၂၀) ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် Community Based Facility Quarantine Center သို့ နေ့လယ်စာ၊ ညနေစာ ထမင်းဘူးနှင့် ရေသန့်ကဒ်(၅၀၀) လာရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ် အ-ထ-က(၁)၊ အ-လ-က(၁)အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာများရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ယမန်နေ့က နေ့လယ်စာနှင့် ညနေစာအတွက် ထမင်းဘူးများနှင့် ALPINE ရေသန့်ကဒ်များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘားအံခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် ဘားအံခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်ခြင်းအခမ်းအနားပြုလုပ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာရွေးချယ်ခြင်း အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် အပြစ်ဒဏ်ငွေ ပေးဆောင်စေခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ Mask တပ်ဆင်သွားလာရေး အသိပညာပေးနှင့် အပြစ်ဒဏ် ငွေပေးဆောင်စေခြင်းတို့ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ ဖြစ်သည့် ပင်လုံဈေး၊ အောင်သုခဈေး နှင့် ရွှေရင်အေးဈေး တို့တွင် ဆောင်ရွက်သည်။

အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး ရုပ်ပုံများဖြင့် မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ သိရှိလိုက်နာ ဗဟုသုတ တိုးပွားနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်းက စတင်၍ ပြသပေးထားကြောင်း သိရသည်။

နွားထိုးကြီးမြို့၌ ရွေးကောက်ပွဲဆိုင်ရာအထူးရဲများအား လေ့ကျင့်သင်ကြားပေး

နွားထိုးကြီးမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်ကြ မည့် အထူးရဲ (SPECIAL POLICE) များအားလေ့ကျင့်သင်ကြားပေးမှု သင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော်မိုးမှ ဦးဆောင်၍ အောက် တိုဘာ ၁ရက်နေ့မှ စတင်၍ သင်ကြားပေးလျက်ရှိသည်။
Subscribe to