ဘုတလင်မြို့နယ်တွင် ကွန်ကရစ်လမ်းများ ခင်းရန်အတွက် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီက ရပ်ကွက်နှင့် ကျေးရွာများတွင် ကွန်ကရစ်လမ်း များခင်းရန်အတွက် ထောက်ပံ့ပေးသော ဘိလပ်မြေအိတ်များပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားနှင့် အလေးချိန်ပြည့်မီခြင်းရှိမရှိ ပညာပေးစစ်ဆေး

ပြည်သူများနေ့စဉ် သုံးစွဲလျက်ရှိသော စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားဖော်ပြမှုနှင့် အလေးချိန်ပြည့်မီခြင်းများ ရှိ/မရှိ ပညာပေးစစ်ဆေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မြို့မဈေးအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “အလုပ်ဆိုတာ အင်အားပါ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ မွန်းလွဲ(၁) နာရီအချိန်က စာရေးသူ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ၏ အလုပ်ဆိုတာအင်အားပါ စာအုပ်ပါအကြောင်းအရာ၊ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းမရှိဘဲ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးအရေးယူ

ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်သားပြည်သူများ ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သမဝါယမ ဦးစီးဌာန ရုံးရှေ့လမ်းဆုံ လူစည်ကားရာနေရာ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊

ညောင်လေးပင်မြို့တွင် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပမည်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင်"လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်းသိကောင်း စရာများ" ခေါင်းစဉ်ဖြင့် ပြည့်သူ့စကားဝိုင်းကို ဖေဖော်ဝါရီ ၂၇ရက် နံနက် ၉နာရီတွင် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

ကျိုက်မ​​​​ရော၌​ သစ်​တောပြုန်းတီးမှုကာကွယ်​ရေးအတွက် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်​​ဝေ

ကျိုက်မ​ရော      ​ဖေ​ဖော်ဝါရီ    ၂၅

​မော်လမြိုင်ခရိုင် ကျိုက်မ​​​ရောမြို့နယ်၊ ကဒါ​ကျေးရွာအုပ်စု ကြံ​တော​ကျေးရွာတွင်စိုက်ပျိုး​ရေးဦးစီးဌာနနှင့် ကိုးရီးယားသမ္မတနိုင်ငံ ရာသီဥတု​ပြောင်းလည်းမှုဗဟိုဌာန(CCC)တို့ပူးပေါင်း၍ သစ်တောပြုန်းတီးမှုကာကွယ်​ရေးထင်းသုံးစွဲမှု ​လျှော့ချ​ရေး၊ ကာဗွန်ထုတ်လုပ်မှု​လျှော့ချရေးအတွက် ရည်ရွယ်၍ စွမ်းအားမြှင့်မီးဖိုများကို စိုက်ပျိုး​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှတင်​မောင်နှင့်ဝန်ထမ်းများက ကဒါ​ကျေးရွာအုပ်စုကြံ​တောကျေးရွာအလက ကျောင်းရှေ့၌ သွားရောက်ပေးအပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်ကုလကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းပြုလုပ်

ကျောက်ဆည်  ဖေဖော်ဝါရီ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျားကာအုပ်စု၊ ကုလကျေးရွာတွင်ဖေဖော်ဝါရီ(၂၅)ရက် နံနက်(၉)နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီးအဆို ပါကျေးရွာရှိ ဓမ္မကာရီဓမ္မာရုံတွင်ပြည် သူများနှင့်တွေ့ဆုံ ကာကျေးရွာဖွံ့ဖြိုးရေး အတွက်ဆွေးနွေးပွဲစကားဝိုင်းပြု လုပ်ခဲ့ကြောင်းသိရှိရသည်။    

ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ ဟားခါး၌ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုပေး၊ ချင်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ကြီးကြပ်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ သင်တန်းအမှတ်စဉ်(၄၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

တောင်တွင်းကြီး၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၀၉၀)ဦး ဝင်ရောက် ဖြေဆိုမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံအတွင်း အ‌ခြေခံပညာကျောင်းများရှိ စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မတ်လ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခု၌ တက္ကသိုလ်ဝင် စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၆၀၉၀ ဦး ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

2019 Novel Corona Virus အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ယနေ့ကမ္ဘာနိုင်ငံတစ်ချို့တွင်ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် 2019 Novel Corona Virus (အဆုတ်ရောင်) ကူးစက်ရောဂါ မြန်မာနိုင်ငံ ဒေသအသီးသီးသို့ ဝင်ရောက် ကူးစက်ပျံ့ပွားမှု မရှိစေရေး မြန်မာ-ထိုင်းနယ်စပ် အဝင်/အထွက်ဂိတ် ရှိသည့် ကော့သောင်းမြို့ ရေဆိပ်နှင့် ကားဂိတ်တို့တွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to