မိုင်းလုံ အောက်တိုဘာ ၁၈
မိုင်းလုံမြို့ အထက်ရပ်ကွက်နေ ဦးတင်ထွေးနှင့် သမီး မိသားစုတို့က အထက်ရပ်ကွက်အတွင်းရှိ မိသားစု များအား အခြေခံစားသောက်ကုန်ပစ္စည်းများကို ယမန်နေ့ နံနက် (၈)နာရီအချိန်ခန့်က စေတနာရှင် မိသားစု၏ အိမ်ရှေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကာလတွင် ပုံမှန်ဝင်ငွေမရှိခြင်း၊ လုပ်ငန်းများ နည်းပါးခြင်းတို့ကြောင့် နေ့စားမိသားစုများ အဆင်ပြေစေရန် ရည်ရွယ်၍ မိမိတို့တတ်နိုင်သလောက် လှူဒါန်းရခြင်းဖြစ် ကြောင်း အလှူရှင်မိသားစုထံမှ သိရသည်။ လှူဒါန်းရာတွင် ဆီငါးဆယ်သားဘူး(၁၈၀)ဘူး၊ အချိုမှုန့် အစိတ်သားထုတ် (၈၀)ထုတ်၊ ဆပ်ပြာမှုန့်(၁၈၀)ထုတ်၊ ဆားအစိတ်သားထုတ်(၁၈၀)ထုတ်နှင့် သက်ကြီး ဘိုးဘွားများအား လှူဒါန်းငွေများကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့သို့ပေးအပ်လှူဒါန်းရာတွင် ဆီ(၁)ဘူး၊ ဆား(၁)ထုတ်၊ အချိုမုန့်(၁)ထုတ်၊ ဆပ်ပြာမှုန့်(၁)ထုတ်တို့ကို မိသားစုတစ်စုလျှင် တစ်ထုပ်နှုန်းလှူဒါန်းပေးခဲ့ပြီး စေတနာရှင် မိသားစု၏ ဆွေမျိုးများက ပါဝင်ကူညီ ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)