လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များ ကို ခွင့်ပြုလိုင်စင်နှင့်အညီရောင်းချခြင်းရှိ/မရှိ စစ်ဆေး


ကန်ပက်လက်         အောက်တိုဘာ      ၁၈


ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ယစ်မျိုးစုပေါင်းစစ်ဆေးရေးအဖွဲ့သည်  ယစ်မျိုးဥပဒေ (၁၈+၁၉+၂၀) အရ အတည်ပြုဖွင့်လှစ်ခွင့်ပြုသည့်  လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များ ကို  ခွင့်ပြုလိုင်စင်နှင့်အညီရောင်းချခြင်း ရှိ/မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြကြောင်းသိရသည်။


စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ဒုတိယဦးစီးမှူး  ဦးသန့်ဇင်မိုး ဦးဆောင်၍     ယစ်မျိုးဌာန  ဒု-ရဲအုပ်ခင်မောင်ချစ်နှင့် စုပေါင်းစစ်ဆေးရေးအဖွဲ့ဝင်များက  ကန်ပက်လက်မြို့အတွင်းရှိ လိုင်စင်ရ အရက်ဖြူဆိုင်၊ နိုင်ငံခြားအရက် နှင့်ဘီယာ ဆိုင်(၉)ဆိုင်အား သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်မှုရှိ/မရှိကို စစ်ဆေးခဲ့ကြခြင်းဖြစ် ကြောင်းသိရသည်။
သန်းမောင်(ပြန်/ဆက်)