ရန်ကုန် အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများမှ လှူဒါန်းသော နှာခေါင်းစည်း( Mask )များနှင့်အလှူငွေ ငွေကျပ်(၆၀၀၀၀/−)တိတိကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်အေးက လက်ခံရယူခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းမိသားစုများမှ လှူဒါန်း သော နှာခေါင်းစည်း(Mask)များနှင့်အလှူငွေများအား မြို့နယ်အတွင်း ဖွင့်လှစ်ထား သည့် Community Based Facilities Quarantine Centre များတွင် လိုအပ်သည့် နေရာများ၌ ဖြည့်ဆည်း အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် တာမွေ မြို့နယ်တွင် Community Based Facilities Quarantine Centre (၃)ခုနှင့် အနံ့ပျောက်၊ ဖျားနာလူနာများ ထားရှိသည့် Isolated Centre(၁)ခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)