ပုသိမ်ကြီး အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်လျက်ရှိရာ သင်တန်းတက်ရောက်နေသော သင်တန်းသားများကို မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအနေနဲ့ သင်တန်းကာလအတွင်း နေ့စဉ် အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သန်း ထံမှ သိရသည်။
မြို့နယ်အတွင်းရှိ မဲရုံပေါင်း (၁၃၉) ရုံရှိပြီး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း တစ်သိန်း ရှစ်သောင်းခန့် ရှိကာ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် အဆိုပါသင်တန်းတွင် တက်ရောက်နေသော အထူးရဲတပ်ဖွဲ့ဝင် (၁၃၉) ဦးက တာဝန်ကျ မဲရုံများ၌ တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို