မောက်မယ် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်တတ် သည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ (၂၁)ရက်နေ့ တွင် အခမဲ့စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြမြသန်း ၏ ပြောကြားချက်အရ သိရသည်။
အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို အသက်(၉)နှစ် မှ (၁၀) နှစ်အထိ မိန်းကလေးတိုင်း တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြားပြီး (၂)ကြိမ်ထိုးနှံရမည် ဖြစ်ကြောင်းနှင့် ထိုကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပြီး အိတ်ချ်ပီဗီပိုးကြောင့် ဖြစ်တတ်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ် နိုင်ကြောင်း စသည့်ပိုစတာများအား အများပြည်သူ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်အတွက် ကျန်းမာရေးဝန်ထမ်းများက လူစည်ကားရာ ရပ်ကွက်နှင့် ကျေးရွာအတွင်း ကပ်ထားကြေညာ ခြင်း ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)