တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံပရိယတ္တိစာသင်တိုက်ရှိ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ် များအား  ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ငွေကြာရံပရိယတ္တိစာသင်တိုက်တွင် သတင်းသုံးနေထိုင်လျက်ရှိသော ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား  ကိုဗစ်-၁၉ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုဆရာမ များနှင့် တာဝန်ရှိသူများမှ ကျောင်းတိုက်သို့လာရောက်၍ ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား ကိုဗစ်ရောဂါပိုး ရှိမရှိ  Test Kit ဖြင့် ရဟန်းသံဃာတော်(၇၅)ပါးနှင့် လူပုဂ္ဂိုလ် (၃၉)ဦးတို့အား စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများ၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြု ဆရာမများနှင့် တာဝန်ရှိသူများ၊ အမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ Volunteer များနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)