ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အဝင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဖွင့်လှစ်ထားသည့် ဌာနပေါင်းစုံး ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကျော်ရွှေထွန်းက ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းသို့လှူဒါန်းရာတွင် ဌာနချုပ်မှူးဗိုလ်မှူးချုပ် ကျော်ရွှေထွန်းက ဒီဇယ်(၁၀)ဂါလံ၊ လက်ဘက်ရည်ထုတ် (၉)ပါကင်၊ လက်သန့်ဆေးရည် (၁)ဂါလံနှင့် mask (၉)ဘူးကို လှူဒါန်းပေးအပ်ခဲ့ရာ စစ်ဆေးရေး ဂိတ်တာဝန်ကျ ဌာနဆိုင်ရာ ဝန်ထမ်းများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)