လေရှီးမြို့၌ မဲရုံတာဝန်ထမ်းဆောင်မည့် အထူးရဲများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

လေရှီး အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများ အား ကိုဗစ်-၁၉ ရောဂါပိုး များ ရှိ/မရှိကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေအောင်စိုး ဦးဆောင်သောအဖွဲ့နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးတို့က ယနေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးများ စစ်ဆေးမှုနှင့် စပ်လျဉ်း၍ မြို့နယ်ရဲမှူးသက်ထွန်းငြိမ်းမှ ဦးဆောင်ပြီး သင်တန်းဆရာ(၄)ဦး၊ သင်တန်းသား(၅၅)ဦး ပေါင်း (၅၉)ဦးအား RDT Test ဖြင့် COVID -19 Aotigen စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ သင်တန်းဆရာနှင့် သင်တန်းသားများအား ရောဂါပိုး မတွေ့ရှိရကြောင်း မြို့နယ်ကျန်းမာရေးဆရာဝန်၏ ပြောကြားချက်အရသိရှိရပါသည်။

ဆိုင်းသား(လေရှီး)