မက်မန်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့တွင် ယာယီမဲရုံ ဆောက်လုပ်နိုင်ရေး၊ မဲရုံသုံးပစ္စည်းများ မဲရုံများသို့ အချိန်မီရောက်ရှိနိုင်ရေး ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လည် (၂)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မက်မန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင် က မက်မန်းမြို့နယ် အတွင်း ယာယီမဲရုံများအချိန်မှီ ဆောက်လုပ်နှိုင်ရေးနှင့် မဲရုံသုံးပစ္စည်များမဲရုံများသို့ အချိန်မှီရောက်ရှိနိုင်ရေးနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များမှ လိုအပ်သည်များ ရှင်းလင်းဆွေးနွေကြပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်ထွေးမှ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို နေ့လည်(၃)နာရီ အချိန် တွင် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)