မလှိုင် အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် မိန်းကလေး များအား (HPV ) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံကြီး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည် ။
အသိပေးရှင်းလင်းပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နေမင်းမျိုးထွန်း က ပုံမှန် ကာကွယ်ဆေး ထိုး အစီအစဉ်တွင် အသက်(၉) နှစ်မှ(၁၀) နှစ် ထိ မိန်းကလေးများအား (HPV ) သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံ ပေးသွာမည် ဖြစ်ကြောင်းအသိပေး ပြောကြားပြီး(HPV) ကာကွယ်ဆေး အ ကြောင်း၊ကာကွယ် နိုင်သည့် ရောဂါများနှင့် ရောဂါလက္ခဏာမပြပဲ အချိန်မရွေး ကူးစက်နိုင်ကြောင်း၊ ရောဂါ ကူးစက် ခံရ ပါက ဖြစ်ပွားနိုင်သည့် ရောဂါများနှင့် နောက်ဆက်တွဲ ပြသနာများ အကြောင်းကို ရှင်းလင်းပြော ကြားခဲ့သည် ။
မလှိုင်မြို့နယ်တွင် ၂၀.၁ဝ.၂ဝ၂ဝ ရက်နေ့နံနက်ပိုင်းမှ စတင်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး ၊ ဆည်တို ၊ ကျောက်တန်း၊ ရုံးတော ၊ မှရိုး ၊နှောကန် ၊မြောက်လည် ၊စသည့် ကျန်းမာရေး ဌာန( ၇) ခုတွင် အသက် (၉) နှစ်မှ (၁၀) နှစ် ထိ မိန်းကလေးဦးရေ (၁၅ဝ၂) ဦးကို ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)