မိုင်းရယ်မြို့၌ MASK တပ်ဆင်သွားလာရေး အသိပညာပေးနှင့် မတပ်ဆင်သူများအား ဒဏ်ငွေပေးဆောင်စေခြင်း ဆောင်ရွက်

မိုင်းရယ် အောက်တိုဘာ ၁၉

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် MASK  တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို မိုင်းရယ်မြို့မဈေးနှင့် မြို့ဝင်စစ်ဆေးရေးဂိတ်များတွင် ဆောင်ရွက်လျက်ရှိသည်။

MASK ကို နှာခေါင်းပါးစပ်များတွင် စနစ်တကျတပ်ဆင်ခြင်းမရှိပဲ မေးစေ့တွင်ချိတ်၍ သွားလာ သူများနှင့် MASK မတပ်ပဲသွားလာသူများအား MASK တစ်ခုလျှင်(၅၀) ကျပ်နှင့် ဒဏ်ငွေ (၁၅၀) ကျပ် ပေါင်း(၂၀၀) ကျပ်ကို ပေးဆောင်စေပြီး MASK များစနစ်တကျ တပ်ဆင်ရန်နှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင် ရွက်ရန် အသိပညာပေးဆောင်ရွက်လျက် ရှိသည်။

ပြည်သူတိုင်း MASK တပ်ဆင်နိုင်ရေး မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း နှင့်ဒဏ်ငွေဆောင်စေခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)