မော်လမြိုင် အောက်တိုဘာ ၁၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်မီးသတ်တပ်ဖွဲ့ဝင်များရှာဖွေကယ်ဆယ် ရေးသုံး ပစ္စည်းများဖြင့် အသက်ကယ်နည်း စနစ်များ ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်မှုများကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်များတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်မီးသတ်စခန်းများမှအရန်မီးသတ် တပ်ဖွဲ့ဝင် များကပြည်သူများအား လိုအပ်သည့် နေရာများတွင် ကူညီကယ်ဆယ်နိုင်ရေးအတွက် အသက် ကယ်နည်းစနစ်များ ကျွမ်းကျင်မှုရှိစေရေးရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်း များတွင် ပါဝင်သော Tripod (သုံးချောင်းထောက်) ကို တီထွင်ပြီးအသက်ကယ်နည်းစနစ်များ၊ ကူညီကယ်ဆယ်ရေးစနစ်များ ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်ဆောင်ရွက်ကြကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)