မက်မန်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင် ခင်းကျင်းပြသ

မက်မန်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန က ပြည်သူများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက် များအား အချိန်နှင့် တစ်ပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ် စာစောင်များကို အောက်တိုဘာ ၁၅ ရက်နေ့ နံနက် (၁၀)နာရီ က ပြသခဲ့သည်။

ထိုသို့ခင်းကျင်းပြသရာတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များ၊ အသိပညာပေးနှိုးဆော်ချက်များ ပြည်သူများ ဘေးကင်းလုံခြုံစွာ မဲပေးနှိုင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ပြည်သူများကြည့်ရှုလေ့လာနိုင်စေရန် မက်မန်းမြို့ ပြည်သူ့ စာကြည့်တိုက် Page နှင့် iprd matman page များတွင်လည်း လွှင့်တင်ပေးထားလျက်ရှိကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)