လဟယ် အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နို၀င်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င် များအား မဲရုံဆိုင်ရာ ပညာပေး သင်တန်းကို ယနေ့မွန်းလွဲ (၁၃) နာရီအချိန်က လဟယ်မြို့မာလာတောင် အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးပါခငက သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဇာတ်လမ်းတို ဗွီဒီယို ကလစ် များ ပြသခဲ့ပါသည်။ ထိုနောက် ဒေသရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဒေါ်သန်းသန်း၀င်းမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ရမည့် လုပ်ငန်း အဆင့်ဆင့်ကို ဖြည့်စွက် ဆွေးနွေးမှာကြားပါသည်။
ထို့ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်နှင်းဟေမာန်လွင်မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ပိုချဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် လဟယ်မြို့နယ် အတွင်းရှိ ရပ်ကျေးကော်မရှင်အဖွဲ့၀င်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှားဆက် (ပြန်/ဆက်)