ကျောက်မဲ အောက်တိုဘာ ၂၃
ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့သည့် အသက် ၃၅ နှစ်အရွယ် ကိုဗစ်-၁၉ အတည်ပြုလူနာ (Case-27984) သည် ယနေ့နံနက်ပိုင်း က ဆေးရုံမှဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာ (Case-27984) သည် ကျောက်မဲမြို့နယ်အတွင်းရှိ မဲရုံတွင် တာဝန်ထမ်းဆောင်ရမည့် ပညာရေးအမျိုးသမီးဝန်ထမ်းတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့မှ ကျောက်မဲမြို့သို့ ပြန်လည်ရောက်ရှိလာစဉ် သတ်မှတ် Quarantine Center ၌ အသွားအလာ ကန့်သတ်ထားရှိခဲ့သည်။ အောက်တိုဘာ ၁၀ ရက်နေ့က ၎င်း၏ဓါတ်ခွဲနမူနာအား ရယူစစ်ဆေးခဲ့ရာ ပိုးတွေ့အဖြေ ထွက်ရှိခဲ့သဖြင့် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရာ သတ်မှတ်ရက်အတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိတော့သဖြင့် ဆေးရုံမှ ဆင်းခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံမှ ဆင်းခွင့်ရသည့် ပညာရေးဝန်ထမ်းအနေဖြင့် အမှတ် ၂ အခြေခံပညာ မူလတန်းကျောင်းတွင် Home Quarantine ၇ ရက် ထပ်မံနေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)