နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေး

နတ်မောက် အောက်တိုဘာ ၂၃                                           

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိ သူများက ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံသုံး ပစ္စည်းများ ဖြစ်သည့် မဲပုံး၊ ခြင်း ၊ ဆန္ဒပြုခန်း၊ လုံခြုံရေးကြိုး ၊ ဗီနိုင်း ၊ ဆာလာအိတ်များ နှင့် လျှပ်စစ်မီး မရရှိသည့် မဲရုံများအတွက် မီးအိမ် စသည့်မဲရုံသုံးပစ္စည်းများကို ကျေးရွာရှိ မဲရုံနယ်မြေအလိုက် တာဝန်ရှိ သူများက လာရောက်ထုတ်ယူလျက်ရှိကြောင်းသိရသည်။နတ်မောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ကျေးရွာများ၌ မဲရုံမဲပေါင်း (၂၈၁) ရုံဖွင့်လှစ်ထားရှိပြီး ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်သိန်းကိုးသောင်းကျော်ခန့်ရှိကြောင်းသိရသည်။

လှဝင်း (နတ်မောက်)