လားရှိုး အောက်တိုဘာ ၂၃
ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက်များကြောင့် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မိမိအမည် စာရင်းပါရှိရာ မဲဆန္ဒနယ်များသို့ သွားရောက်ပြီး မဲပေးရန်အတွက် အခက်အခဲရှိသူများ အနေဖြင့် ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်မိမိတို့ ရောက်ရှိနေသောမြို့၏ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပုံစံ(၁၅) ဖြင့် ကြိုတင်မဲပေးနိုင်ရန် လျှောက်ထားလာသူများအနက် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကြိုတင်မဲလာရောက် ပေးသူ(၄)ဦး၊ အောက်တိုဘာလ၂၃ရက်နေ့တွင်(၁)ဦးရှိခဲ့ပြီး ဆန္ဒမဲလက်မှတ်များကို မဲဆန္ဒရှင်များ ကိုယ်တိုင်ချိတ်ပိတ်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါဟေမာလွင် နှင့်အဖွဲ့ဝင်များထံ ပေးအပ်ခဲ့ ကြောင်းသိရသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိအမည်စာရင်းပါရှိရာ မဲဆန္ဒနယ်များသို့ သွားရောက်ပြီး မဲပေးရန်အတွက် အခက်အခဲရှိပါက မိမိရောက်ရှိနေသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ပုံစံ(၁၅) တင်သွင်းခြင်းကို အောက်တိုဘာ ၂၅ ရက်နေ့ထိ နောက်ဆုံးထားဆောင်ရွက်နိုင်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်လည်း ဆန္ဒပြုပြီး ကြိတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို နိုဝင်ဘာ ၁ ရက်နေ့နောက်ဆုံးထား၍ မိမိမြို့နယ်မှသက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း( ပြန်/ဆက်)