မယ်စဲ့ အောက်တိုဘာ ၂၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နိုင်ငံတကာ ဆက်သွယ်ရေးလမ်းပိုင်းဖြစ်သည့် နမ့်မန်း-ဘီပီ(၁၃)လမ်း တောင်ပေါ်အပိုင်း၌ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တင်ဒါလုပ်ငန်းဖြင့် ဆောင်ရွက် မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယန်နေ့ မွန်းလွဲပိုင်းက ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂)(မြို့ပြ) ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုနှင့် အဖွဲ့သည် နမ့်မန်း-ဘီပီ(၁၃)လမ်း တောင်ပေါ်အပိုင်း၌ ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကွန်ကရစ်ရေပြွန် (၅x၅x၃၄) ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် နေရာအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)