ဆီဆိုင် အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ် ဆေး ကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်ဓမ္မာရုံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် အဖွဲ့ဝင်များတို့က အောင်ချမ်းသာ ရပ်ကွက်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ် (၃၈)ဦးတို့အား သားအိမ်ခေါင်း ကင်ဆာ (HPV)ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံ ပေးခဲ့သည်။
ဆီဆိုင်မြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ် မိန်းကလေးငယ် ၁၉၇၀ ဦး ရှိရာ ၁၅၂၆ ဦး ကို ထိုးနှံပေးခဲ့ ပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)