တာချီလိတ်မြို့ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်း၌ ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

တာချီလိတ် အောက်တိုဘာ ၂၃

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို တာချီလိတ်မြို့ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းအချိန် က ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် မြို့နယ်ပညာရေးမှူး ဦးအောင်သင်းတို့က အမှာစကားပြောကြားခဲ့သည်။ သင်တန်းတွင်မဲရုံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အချက်အလက်များ တိကျမှန်ကန်စေရန် မဲလက်မှတ်များ စစ်ဆေးခြင်း၊ မဲလက်မှတ်များရေတွက်ခြင်းနှင့် လမ်းညွန်ချက်ပါ အချက်အလက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွန်ကြားချက် စည်းမျဉ်းများနှင့်အညီ ဆန္ဒမဲပေးနိုင်ရန် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တစ်ရက်တာ ပို့ချသွားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူးတာဝန်ကို ထမ်းဆောင်ကြမည့် ကျောင်းဆရာ/မ (၈၄)ဦး သင်တန်းသို့တက်ရောက်ခဲ့ကြပြီး တာချီလိတ်မြို့နယ်တွင် နိုင်ငံရေးပါတီ (၁၁)ပါတီ၊ လွှတ်တော်ကိုယ်စားလှယ် (၆၄)ဦး၊ တသီးပုဂ္ဂလတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ မဲပေးနိုင်သည့် မဲဆန္ဒရှင် တစ်သိန်းသုံးသောင်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းထံမှ သိရသည်။

ယာဆေး(ပြန်/ဆက်)