မလှိုင်မြို့နယ် ၊ မုံပင်လေး ပရဟိတကျောင်းမှ ကလေးငယ်များအား ပဉ္စမအကြိမ်မြောက် နို့အာဟာရ တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၊ မုံပင်လေးပရဟိတကျောင်းမှ အသက်(၁ဝ) နှစ်အောက် ကလေးငယ်များကို ပဉ္စမအကြိမ်မြောက် နို့အာဟာရ တိုက်ကျွေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လောင်းလုံးမြို့မစျေး၌ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဝေဒီစျေးတွင် ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

တာလေ၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်း စံကွက် ရိတ်သိမ်းခြင်း ကွင်းဆင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ စံကွက်ရိတ်သိမ်းခြင်းနှင့် တောင်သူများအား စိုက်ပျိုးရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဟိုပုံးမြို့နယ် ကျေးရွာအုပ်စုများရှိ မဲရုံများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ တာဝန်ရှိသူများက ကွင်းဆင်းပြီး ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲ စတင်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲဆန္ဒနယ် ပြင်ပရောက် ဆန္ဒမဲပေးခွင့်ရှိသူ ပုံစံ(၁၅)ဖြင့် လျှောက်ထားသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက်ပိုင်း က မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆောင်ရွက်သည်။

ဟိုပန်၌ မိုးစပါး(လယ်)စံကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုလေးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီခံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဝန်ထမ်းများသည်မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းအမှတ်(၆)၊ ကောင်းဟုန်းကွင်း၊ ဦးပိုင်အမှတ်(၁၆/၁)၊ တောင်သူ ဦးကျန်လော်ဝူ၏ လယ်မြေ(၂)ဧကတွင် ပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေး ကြိုးများဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေါမြို့ Together Waw ပရဟိတအဖွဲ့မှ အရှေ့ဘက်ကမ်းရပ်ကွက်ရှိ အခြေခံမိသားစုအိမ်ထောင်စုများအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၌ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ် ပွားနေသော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန် များကို ဝေါမြို့ Together Waw ပရဟိတအဖွဲ့မှ မြို့ပေါ် (၆)ရပ်ကွက်ရှိ အခြေခံမိသားစုအိမ်ထောင်စု (၁၅၀၀)စုအတွက် လိုက်လံထောက်ပံ့လှူဒါန်းရန် ဆောင်ရွက်ထားသော်လည်း အခြေခံအိမ်ထောင်စုများ၏ အခက်အခဲများ ကူညီရန်အတွက် အိမ်ထောင်စု(၂၅၀)စုအား အဖွဲ့မှ ထပ်တိုးလှူဒါန်းခဲ့ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပမှ ထွက်ခွာသွားလာနေသော ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင် ရေး အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ယနေ့ နံနက် (၈) နာရီအချိန်၌ လူသွား လူလာများသော စျေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မင်းခေါင်လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to