​ကျောက်တံတားမြို့နယ် Quarantine Centre အတွက် အလှူ​​ငွေကျပ်သုံးသိန်း လာ​ရောက်လှူဒါန်း

​ကျောက်တံတား ​အောက်တိုဘာ ၂၃

​ကျောက်တံတားမြို့နယ် ၃၈ လမ်း​ရှိ Community Based Facility Quarantine Center (ပြည်သူအ​​ခြေပြု အသွားအလာကန့်သတ်​​​စောင်ကြည့်​နေရာသို့ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်​ရေးလုပ်ငန်းများ​ဆောင်ရွက်နိုင်ရေးအတွက် အလှူ​ငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်​စေတနာရှင် များမှ​ နေ့စဉ်လာ​ရောက်လှူဒါန်း​ပေးလျက်ရှိရာ ယမန်​နေ့ ​နံနက်ပိုင်းတွင်လည်း Quarantine Centre အတွက် လိုအပ်သည်များ ​ဆောင်ရွက်​ပေးနိုင်ရန် ​​ ကျောက်တံတား မြို့နယ်(၃၇)လမ်း အထက်မှ ​ဒေါက်တာခင်လှလှသိန်း မိသားစုမှ အလှူ​ငွေကျပ်(၃၀၀၀၀ဝိ/-) (ကျပ်-သုံးသိန်းတိတိ)ကို လာ​ရောက်လှူဒါန်း​ပေးခဲ့ရာ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်ကြည်ပြာက လက်ခံရယူခဲ့ကြောင်း သိရသည်။

​ထို့ပြင်​​ ကျောက်တံတားမြို့နယ် Quarantine Centre ရှိ အသွားအလာကန့်သတ်​​နေထိုင်ကြသူများနှင့် ​စေတနာ့ ဝန်ထမ်းများအတွက်လည်း ​နေ့စဉ်နံနက်စာ၊​ နေ့လယ်စာ၊ ည​နေစာများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ​စေတနာရှင်ပြည်သူများမှ  လာ​​ရောက်လှူဒါန်း​ပေးလျက်ရှိရာ ယ​နေ့ နံနက်စာအတွက်​ ကျောက်တံတားမြို့နယ် ၃၆ လမ်း​လူငယ်များအဖွဲ့မှ ​ပေါင်မုန့်ကြက်ဥ​ကြော်နှင့်​ ကော်ဖီများကို လာ​ရောက်လှူဒါန်း​ပေးခဲ့ကြောင်း သိရ သည်။

​ရွှေနန်း​မေ