ပင်လောင်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ရင်းမှီးရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ၊ ဘက်စုံသားဖွားဆရာမနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ အဖွဲ့ဝင်များ ပူးပေါင်း၍ (၉)နှစ်မှ(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား ကာကွယ်ဆေး ထိုးနှံပေး ခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီကျစ်တိုက်နယ် ကျန်းမာရေးဌာန၊ နောင်တရား၊ ပေါင်းလောင်း၊ ဆောင်းပြောင်း၊ ထီရိုင်း၊ မိုးနဲ၊ ဗန်းမောက် ကျေးလက် ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)