ပန်ဆိုင်း(ကြူကုတ်)မြို့၌ အစေ့ထုတ်ပြောင်းဖူး (Running Fed Method) နည်းဖြင့် စံကွက်ရိတ်သိမ်း

ပန်ဆိုင်း အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့စိုက်ပျိုးရေးဦးစီးဌာန၊ မြို့လယ်/စီစာရင်းအင်း ဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ အစေ့ထုတ်ပြောင်းဖူး (Running Fed Method) နည်းဖြင့် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က  ကွင်းဆင်းဆောင်ရွက်သည်။

ပန်ဆိုင်းမြို့(ကြူကုတ်)မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့လယ်/စီ စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းဆွေဦးနှင့် တာဝန်ရှိသူတို့က တောင်သူ ဦးချိန်ကွေလင့်၏ လယ်ယာဧက (၃)ဧကတွင် စိုက်ပျိုးထားသည့် ပြောင်းဖူးစိုက်ခင်းကို အစေ့ထုတ်ပြောင်းဖူး (Running Fed Method) နည်းဖြင့် စံကွက်ရိတ်သိမ်းခဲ့ပြီး စံကွက် ဆက်လက် ရိတ်သိမ်းမည့် လယ်ယာများအား စံနှုန်းတိုင်းတာခြင်း၊ ရိတ်သမ်းခြင်း၊ ရိတ်သိမ်းပြီး ခြွေလှေ့ထားသော ပြောင်းဖူးများ၏ အထွက်နှုန်းတိုင်းတာခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

အစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစို(၈၃.၇၈)တင်းနှင့် အခြောက် (၇၆.၄၁)တင်း ထွက်ရှိပြီး အစေ့ထုတ်ပြောင်းများကို အချိန်မှန်စိုက်ပျိုးနိုင်ရေးအတွက် ကြီးကြပ် ဆောင်ရွက်ပေးခြင်း၊ အပင်ပေါက်သည့်အချိန်တွင် ပိုးမွှားအန္တရာယ်မကျရောက်အောင် ဖီရိုမုန်း ထောင်ခြောက်ဖြင့် လည်းကောင်း၊ ထန်းလျှက်(သို့မဟုတ်) ကြံသကာအရည်ကြို၍ ရေသန့်ဘူး နှစ်ဖက်ဖွင့်၍ စနစ်တစ်ကျထောင်ထားခြင်းနှင့် ကွင်းဆင်းအသိပညာပေး ဟောပြောခြင်းများကို မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)