မိုင်းပန်မြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

မိုင်းပန် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွင်း CERP အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ (၃) ရွာတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ယမန်နေ့ က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူသင်းနှင့် ဝန်ထမ်းများမှ မိုင်းပန်မြို့နယ်အတွင်းရှိ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုံကြိမ်ကျေးရွာ၊ မိုင်းပဲကျေးရွာနှင့် ပုံးချယ်ကျေးရွာများသို့ သွားရောက်၍ ကျေးရွာအသီးသီးတွင် မတည်ရန်ပုံငွေ ကျပ်သိန်း (၁ဝဝ) ဖြင့် ဆောင်ရွက်လျက် ရှိသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ကော်မတီဝင်များမှ လစဉ်စာရင်းဇယားများအား ဖြည့်သွင်းထားရှိမှုအခြေအနေများကို ယမန်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)