မိုင်းတုံ အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သည့်အတွက် ယနေ့နံနက်(၈)နာရီ က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာသည် ရှမ်းမင်းသား ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး အောက်တိုဘာလ(၁၂)ရက်နေ့က တောင်ကြီးမြို့မှ မိုင်းတုံမြို့သို့ပြန်လာစဉ် မိုင်းတုံမြို့အဝင် စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့ပြီး မိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်း နှင့် ကျန်းမာရေးဝန်ထမ်းများ က ဆေးကုသပေးခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် (၃)ကြိမ်ထပ်မံစစ်ဆေးခဲ့ရာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ၎င်းနေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင်သွားရန် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်း က မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)