ဘောလခဲမြို့နယ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ဘောလခဲ အောက်တိုဘာ ၂၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း(VDP)ကျေးရွာ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဘောလခဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအေးမောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ထပ်ဆင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်မှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် VDP ကျေးရွာစီမံကိန်းသည် ကျေးရွာတစ်ရွာလုံး ဖွံ့ဖြိုးရေးအတွက် ကျေးရွာတစ်ရွာ၏ လိုအပ်ချက်နှင့် အခွင့်အလမ်းများအပေါ် အခြေခံရေးဆွဲထားသည့် လုပ်ငန်းဖြစ်ကြောင်း၊ ပြည်သူလူထုကိုယ်တိုင် ကျေးရွာ ပကတိ လိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံ ပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးစံမြက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရွေးချယ်လျာထားသော ကျေးရွာများအနက်မှ မိုင်းထမ်းကျေးရွာ၊ ဝမ်ချယ်ကျေးရွာ၊ ချိကွဲ့ကျေးရွာ၊ စောင်းလော့ကျေးရွာ ဟော်ခမ်းကျေးရွာ၊ လွယ်ဝိုင်းကျေးရွာနှင့် နန်းနောက်ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။

လှရွှေ