ဖား​ဆောင်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်

ဖား​ဆောင်း  ​အောက်တိုဘာ  ၂၃

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက​ရေစီ အ​​​​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မဲရုံမှူး၊ဒုမဲရုံမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ​ရွေး​ကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့် သင်တန်းကို ယ​နေနံနက်(၈)နာရီခွဲ အချိန်က အထက ဖားဆောင်း​ကျောင်းရှိ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲတွင် ​ဘောလခဲခရိုင်၊ ခရိုင်ပညာ​ရေးမှူး ဦးစသိန်း​ကျော်မှ အဖွင့်အမှာစကား​ ပြောကြားပြီး၊​​ဘောလခဲခရိုင်​၊ ခရိုင်​ကော်မရှင်အရာရှိ ဦးကျော်လင်းမှ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေးကောက်ပွဲ ကျင်းပနိုင်​ရေးအတွက် ​​​ရွေး​ကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ထပ်ဆင့်အမှာစကား​ပြောကြားခဲ့သည်။

ဆက်လက်၍ ဖား​ဆောင်းမြို့နယ်​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦး​အောင်ထွန်းက မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ ပြောကြားခဲ့သည်။

ယင်း​နောက် သင်တန်းကို မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နည်းပြ (၃)ဦးဖြင့် သင်ကြားပို့ချ​ပေးပြီး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲ​ပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲ​ရေတွက်မှုများ၊ ထုပ်ပိုးပုံအဆင့်ဆင့်၊ ကျန်းမာ​ရေးနှင့် လုံခြုံ​ရေး၊ မဲရုံတည်နေရာ အခင်းအကျင်း၊ မဲစာရင်းစစ်​ဆေးသူ၊ မဲလက်မှတ်ထုတ်​ပေးသူ၊ မှင်တို့​ပေးသူ တာဝန်ဝတ္တရားနှင့် ပြစ်မှုပြစ်ဒဏ်များ အ​ကြောင်းတို့ကို စာ​တွေ့လက်​တွေ့ သင်ကြား​ပေးလျက်ရှိ​ကြောင်းနှင့် သင်တန်းကာလမှာ တစ်ရက်ဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)