ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများ ကိုဗစ်-၁၉ ဆိုင်ရာကိစ္စများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

မြစ်သားမြို့၌ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား မဲရုံသုံးပစ္စည်းများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက မဲရုံသုံးပစ္စည်းများ ကို ယမန်နေ့က စတင်၍ ထုတ်ပေးနေကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ရာနှုန်းပြည့် လျှပ်စစ်မီးလင်းတော့မည်

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး ရာနှုန်းပြည့် လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရ သည်။

ကလိန်အောင်မြို့၌ ကုန်တင်ယာဉ်များတွင် ခရီးသည် အပိုတင်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်တံတားကြီး၌ အောက်တိုဘာ ၂၂ ရက် ည ၇ နာရီက ရေး-ထားဝယ်ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွား‌လာနေသော ကုန်တင်ယာဉ် များ ပေါ်တွင် သတ်မှတ်ထားသော လူဦးရေထက်အပိုတင်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေ ကျပ်တစ်သိန်းကို မြို့နယ် သံဃနာယကအဖွဲ့ မိုင်းဟန်ဆရာတော် ဘဒ္ဒန္တဇဋိလက ၄၃ နှစ်ပြည့် မွေးနေ့အလှူအဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ပေးအပ်လှူဒါန်းသည်။

မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး ကြပ်မတ်စစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို လူစည်ကားနေရာဖြစ်သည့် ဟိုခုံလမ်းဆုံနှင့် နှင်းဆီလမ်းဆုံတို့တွင် အဖွဲ့ နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သိရသည်။

ကျိုက်လတ်၌ လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကဿဝင်ကျေးရွာနှင့် မတ္တာကျေးရွာ တို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအဖွဲ့နှင့် တာဝန်ရှိသူများတို့က ယနေ့နံနက်(၇)နာရီအချိန်ခန့်က ယာယီပျံကျဈေးနှင့် ကာလိမြို့ပေါ်ဆိုင်များတို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တမူးမြို့၊ နယ်စပ်စစ်ဆေးရေးဂိတ်မှ နေရပ်ပြန် ပြည်သူ(၁၄) ဦး ဝင်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အပြည်ပြည်ဆိုင်ရာဝင်ပေါက်ဖြစ်သည့် အမှတ်(၁) စစ်ဆေးရေးဂိတ်မှ ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က အိန္ဒိယနိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် သွားရောက်ရာမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ (၁၄)ဦး ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

တာချီလိတ်မြို့ ဂေါက်ကွင်းလမ်းကို အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂေါက်ကွင်းလမ်းကို ပြုပြင်ခြင်း၊ လမ်းသားတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်း အဆင့်မြှင့်တင်ခြင်းများကို အလှူရှင်တို့၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Subscribe to