စိုက်ပျိုးရေပေးဝေမှုအခက်အခဲမရှိစေရေးအတွက် ကင်းတားရေသောက်စနစ်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မြစ်သား   အောက်တိုဘာ  ၂၃


မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး၊  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝမ်းသည် တာဝန်ရှိသူများလိုက်ပါ၍ စိုက်ပျိုးရေပေးဝေမှုအခက်အခဲ မရှိစေရေး အတွက် ကင်းတား ရေသောက်စနစ်များအား ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရ သည်။
ဒုတိယညွှန်ကြားရေးမှူးသည် မိုးစပါးရေပေးရာသီအတွင်း မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ကင်းတားတမံ အတွင်းစီးဝင်ရေမှာများစွာ လျော့နည်းခဲ့ရာ တမံအတွင်း သိုလှောင် ရေမှာရေသောက် စနစ်များသို့ ယခင်နှစ်များက ထက်ပိုမို ပေးဝေခဲ့ရပြီး သိုလှောင်ရေဖြင့် ယခုနှစ်မိုးစပါး လျာထားချက် များအား ဖြစ်ထွန်းအောင်မြင်စေရေး အတွက် မျှော်မှန်းထားခဲ့သည့် နိုဝင်ဘာလအတွင်း အနည်းဆုံး စီးဝင်ရေ ထက်လျော့နည်းဝင်ရောက်ခဲ့ပါက စိုက်ပျိုးရေ ပေးဝေမှု အခက်အခဲမရှိစေရေး၊ ရေသောက် စနစ်များအလိုက် ရေအလေအလွှင့်မရှိစေရေး ရေမလို အပ်သည့် ရေသောက်မြောင်း များအား လျှော့ချ ပေးဝေနိုင်ရေးနှင့် မြောင်းဖျားစိုက်ဧကများအား မြောင်းရင်း စိုက်ဧကများနည်းတူ အလေးထားဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ကင်းတားဘက်စုံသုံးရေလှောင်တမံတွင် လက်ရှိရေသိုလှောင်ပမာဏ(၁၀၈၅၁၀)ဧကပေ ရှိကာ အသုံးပြု နိုင်သည့် ရေသိုလှောင်ပမာဏမှာ(၅၂၂၃၀)ဧကပေဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သား)