နွားထိုးကြီး၊ အောက်တိုဘာ ၂၃
နွားထိုးကြီးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကံနက်တောကျောင်းတိုက်၊ ဇေယျသုခသမ္ပတ္တိကျောင်းဆောင်၌ မိတ္ထီလာမြို့၊ လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်လင်းက နွားထိုးကြီးမြို့၊ မြို့နယ်စစ်ထမ်းဟောင်း မိသားစုများအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့၊ လေယာဉ်ပြင်ဆင်ထုတ်လုပ်ရေးဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်လင်းနှင့်အဖွဲ့သည် နွားထိုးကြီးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်တင်နှင့်အဖွဲ့များကိုတွေ့ဆုံ၍ နွားထိုးကြီးမြို့ စစ်မှုထမ်းဟောင်းမိသားစုများနှင့် ကျဆုံးစစ်သည်များ၏ မှီခိုမိသားစုဝင်များ စုစုပေါင်း (၄၄၈) ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများထောက်ပံ့ပေးခဲ့ရာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်တင်မှာလက်ခံခဲ့ပြီး ဆန် ၇၁ အိတ်၅ပြီ၊ ကုလားပဲ ၁၈၈ ဒသမ ၇၆ ပိဿာ၊ ဆား ၁၀၉ ပိဿာ ၁၆ ကျပ်သား၊ ဆီ ၁၂၅ ပိဿာ ၄၄ ကျပ်သား၊ အင်အား (၄၄၈) ဦးအတွက် တစ်ဦးလျှင် ဆန် (၄) ပြည်၊ ဆီ (၃၀) ကျပ်သား၊ ကုလားပဲ (၄၂) ကျပ်သား၊ ဆား (၂၅) ကျပ်သားတို့ကို တစ်ဦးချင်းဆီအတွက် အိမ်အရောက် ပို့ဆောင်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်