မိုင်းရယ်မြို့နယ်တွင် ဆန္ဒမဲလက်မှတ်များ စစ်ဆေးခြင်းပြုလုပ်

မိုင်းရယ်   အောက်တိုဘာ   ၂၃

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက် (၁၀)နာရီ က ဆန္ဒမဲလက်မှတ်များအား စစ်ဆေးခြင်းကို မိုင်းရယ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။

အဆိုပါ ဆန္ဒမဲလက်မှတ်များအား တစ်အုပ်တွင်ပါဝင်အရေအတွက် (၅၀)စောင် ပြည့်/မပြည့် စစ်ဆေးခြင်း၊ မင်စွန်းထင်းမှုများ ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ဌာနများရှိ ဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၅)အုပ်စု စုစုပေါင်း (၂၈) အုပ်စုတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ထိ မဲရုံ ၄၅ ရုံ၌ မဲပေးနိုင်သည့် မဲဆန္ဒရှင် အရေအတွက်မှာ ၄၈၅၄၈ ဦးရှိကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)