ကျောက်တလုံးကြီးမြို့၌ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံ

ကျောက်တလုံးကြီး အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကျေးလက်ကျန်းမာရေး ဌာခွဲမှ ကျောက်တလုံးကြီးမြို့ပေါ် (၆)ရပ်ကွက်ရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီ ခန့် က ပထမနိမ္မိတသပိတ်မြတ်စေတီ၊  အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ (HPV) ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ကျောက်တလုံးကြီးမြို့ တိုက်နယ်ကျန်းမာရေး ဌာနမှ ဒေါက်တာကြည်ကြည်ဟန်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဆရာမဒေါ်နန်းစမ်းချို တို့က လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းကို ဆောင်ရွက်ပေးပြီး၊ အသက်(၉)နှစ်မှ (၁၀)နှစ် အတွင်းရှိ အမျိုးသမီးငယ် (၄၉)ဦးအား သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာကြောင့် တစ်ကမ္ဘာလုံးတွင်သေဆုံးရသူ အမျိုးသမီးများ၏ ၃၅   ရာခိုင်နှုန်းသည် အရှေ့တောင်အာရှက ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံအများဆုံး ဖြစ်ကြောင်းနှင့် မြန်မာအမျိုးသမီးများ၏ ၈၆ ရာခိုင်နှုန်းသော သားအိမ်ခေါင်းကင်ဆာ ရောဂါ သည် များသည် (HPV)ခေါ်သော ကြွက်နို့ပိုးတွေ့ရှိရပြီး တွေ့ရှိရမှုအများဆုံး အမျိုးအစား များသည် (HPV16 နှင့်HPV18) တို့ဖြစ်ကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်း ထိုးနှံပေးမည့် ဆေးသည် (HPV6နှင့်HPV11) ဖြစ်ကြောင်း၊ အသက်(၉)နှစ်မှ (၁၀)အတွင်းရှိ အမျိုးသမီးငယ်တိုင်းကို တစ်ကြိမ်နှင့်တစ်ကြိမ် (၁၂)လခြားပြီး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာ ကြည်ကြည်ဟန် ထံမှ သိရသည်။         

မြဝင်း(ပြန်/ဆက်)