မင်းလှမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

မင်းလှ(အောက်) အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်‌ရေးအတွက် လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားခြင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီ အချိန်က ပြုလုပ်ခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းက ရပ်ကွက်ကျေးရွာအုပ်စုများတွင် အသက် (၆၀)နှစ်နှင့် အထက်နှင့် ဝန်ထမ်းများ ကြိုတင်မဲပေးနိုင်ရေး၊ မဲဆန္ဒနယ်အတွင်းရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် မဲမပေးနိုင်မှု ကိစ္စ၊ ဆေးရုံတက်နေရသူများနှင့် အချုပ်ကျနေသူများ မဲပေးနိုင်ရန် Quarantine Centre များတွင် ကြိုတင်မဲပေးရာတွင် သီးခြားပုံးဖြင့် ဆောင်ရွက်ရန်၊ သတိပြုရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မဲဆန္ဒနယ်မြေ(၁)မှ ရပ်ကွက်ကျေးရွာ(၃၂)အုပ်စု ကော်မရှင်အဖွဲ့ဝင်များက ကြိုတင်မဲ‌ရရ ယူရာတွင် ကြုံတွေ့မည့် အခက်အခဲများဖြစ်သော လုံခြုံရေး၊ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲပေးရန် အခက်အခဲရှိသဖြင့် သင့်တင့်သည့် နေရာပြောင်းလဲခွင့်ပြုရေး၊ သီးခြားမဲပုံးများကို မည်သို့ဆောင်ရွက်ပေးမည်နည်း စသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌမှ ညှိနှိုင်းဆွေးနွေးဖြေကြားခဲ့ ကြောင်း သိရသည်။ အလားတူ အောက်တိုဘာ ၂၃ ရက်နေ့တွင် မဲဆန္ဒနယ်မြေ(၂)မှ ရပ်ကွက်ကျေးရွာ(၃၄) အုပ်စု ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကြိုတင်ဆန္ဒမဲပေးရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ပေါက်စ မင်းလှ