နမ့်ဆန်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး မြို့နယ်အဆင့် Facility Quarantine ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားလျက်ရှိ
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ COVID-19 ရောဂါထိန်းချုပ် ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီဖွဲ့စည်းထားပြီး မြို့နယ်ပြင်ပမှဝင်ရောက်လာသူများအား နေ့စဉ်စစ်ဆေးကြပ်မတ်ခြင်း၊ ရောဂါထိန်းချုပ်ရေး သတင်းကွင်းဆက်ရယူခြင်း သံသယလူနာ စောင့်ကြည့်ခြင်းတို့အတွက် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်မှု နယ်မြေအတွင်းစောင့်ကြည့်လူနာများ ထားရှိမည့်နေရာအစီအမံများကို စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။