ငွေဆောင်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းကို ငွေဆောင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ခတ္တာလမ်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုရန်အတွက် ရန်ကုန်မြို့မှ အလှူရှင်မိသားစု ပေးပို့လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများကို အလှူရှင်ကိုယ်စား တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် Cash for Work နှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP)စာရင်းဇယားများ ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ (VRFP) စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ပဲခူးခရိုင်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဦး၊ ဝေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းဇော်နှင့်တာဝန်ရှိသူများက အောက်တိုဘာလ ၂၃ ရက်နေ့က လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းနှင့် လုပ်ငန်းပြီးစီးမှု စာရင်း ဇယားများ စစ်ဆေးခြင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျီခါးမြို့၌ Quarantine ၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး ရောဂါပိုးမတွေ့သူ အမျိုးသား (၅) ဦးအား ကျန်းမာကြောင်း ထောက်ခံစာများ ပေးအပ်

ချင်းပြည်နယ်၊ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှပြန်လည် ၀င်ရောက်လာသည့် နေရပ်ပြန်များအား မြန်မာ-အိန္ဒိယ နယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပြန်လည်လက်ခံ၍ အသွားအလာကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြည့် ဆောင်ရွက်ထားလျက်ရှိရာ ယနေ့ နံနက် (၈) နာရီအချိန်တွင် Facility Quarantine ၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး Swab နမူနာ(၂)ကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့သူ အမျိုးသား(၅)ဦးအား ကျန်းမာကြောင်းထောက်ခံစာများပေးအပ်ပြီး ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး ၊ဒုမဲရုံမှူးများနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအားသင်းတန်းပို့ချ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့့််မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား မဲရုံဆိုင်ရာ သင်တန်းပို့ချခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကဝမြို့နယ် ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre၌ ကျင်းပသည်။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဟားခါးမြို့၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကွမ်းလုံ၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒု-မဲရုံမှူးသင်းတန်းကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက ပြည်သူများအား ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များအား သိရှိလိုက်နာစေရန် ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ညောင်တုန်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သရုပ်ပြဆင့်ပွားသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား သရုပ်ပြဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အ-ထ-က (ဆားမလောက်) ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to