ကျွန်းလှ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်ပါ စာအိတ်များအား ကြိုတင်မဲပုံးအတွင်း ထည့်သွင်းပြသခြင်းကို ယမန်နေ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်အတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ပထမအကြိမ် အချုပ်သား(၅)ဦး၊ ဒုတိယအကြိမ် အချုပ်သား(၄)ဦးတို့၏ မဲလက်မှတ်ပါ စာအိတ်များကို မဲပုံးအတွင်း ထည့်သွင်းပြသခဲ့ပြီးဖြစ်ကြောင်း၊ ယခု တတိယအကြိမ် စဉ့်ကူးမြို့နယ်မှ အချုပ်သား(၂)ဦး၊ ကျွန်းလှမြို့နယ်မှ အချုပ်သား(၂၉)ဦးနှင့် မဲဆန္ဒနယ် ပြင်ပရောက် ခင်ဦးမြို့နယ်မှ တစ်ဦး၊ စုစုပေါင်း(၃၂)ဦးတို့၏ ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များအား ပါတီကိုယ်စားလှယ်များ ရှေ့မှောက်တွင် ထင်သာမြင်သာ ကြိုတင်မဲပုံးအတွင်း ထည့်သွင်းပြသခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)