ကျိုင်းတုံမြို့နယ်၌ ယာယီမဲရုံတည်ဆောက်မည့်နေရာများသို့ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

၂၀၂၀ပြည့်နှစ်၊ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် ကျိုင်းတုံမြို့နယ်အတွင်း ယာယီမဲရုံတည်ဆောက်မည့် နေရာများသို့ ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ခဲ့ကြေင်းသိရသည်။

မရမ်းကုန်းမြို့နယ် ရွှေမြိုင်သီရိသီလရှင်စာသင်တိုက်သို့ မဇ္ဇျိမဂုဏ်ရည်ဆရာတော်မှ အလှူငွေ (၉၉၆၀၀၀၀) ကျပ် ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ရွှေမြိုင်သီရိ သီလရှင်စာသင်တိုက်သို့ မဇ္ဇျိမဂုဏ်ရည် ဆရာတော်မှအလှူငွေ (၉၉၆၀၀၀၀)ကျပ်အား ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် အဆိုပါ သီလရှင်ကျောင်း၌ လှူဒါန်းခဲ့ကြောင်းသိရသည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ(၂၆)ဦးထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီ အချိန်တွင် နေရပ်ပြန်ပြည်သူ(၂၆)ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။

ပေါက်မြို့နယ်၌ မဲရုံသုံးပစ္စည်းနှင့်မဲလက်မှတ်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်းနှင့် မဲလက်မှတ်များ သယ်ယူ ပို့ဆောင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် ကြိုတင်မဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် မဲရုံသရုပ်ပြသ

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်ကြရမည့် ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ကြိုတင်မဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် မဲရုံသရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီ ကယားပြည်နယ် မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

တမူးမြို့၌ မဲရုံမှူး၊ဒုတိယ မဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် တမူးမြို့၊အမှတ် (၂)ခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွား သင်တန်းအား ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ သင်တန်းပို့ချခဲ့သည်။

ရှားတောမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာ နရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ နှင့်တွေ့ဆုံ၍ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံတွင် ခရိုင်နှင့်မြို့နယ် ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ပါးစပ်နှာခေါင်းစည်းနှင့် လက်သန့်ဆေးများဝေငှ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမရှိစေရန်အတွက် အကာအကွယ်ဖြစ်သည့် ပါးစပ်နှာခေါင်းစည်း Mask နှင့် လက်သန့်ဆေးများပေးဝေမှုကို ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ရင်ခွင်မဲ့ကလေးလျော့ချရေး နှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကာ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
Subscribe to