မော်လမြိုင်ကျွန်းမြို့နယ်၊ အဝချောင်းကျေးရွာရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁၉၁ စုအား စားသောက်ကုန်များနှင့် ကံစမ်းမဲထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောက်ချောင်းအုပ်စု၊ အ၀ချောင်းကျေးရွာရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၁၉၁ စုအား  မြို့နယ်အတွင်းရှိ အလှူရှင်များ စုပေါင်း လှူဒါန်းသော စားသောက်ကုန်ပစ္စည်းများနှင့် ကံစမ်းမဲထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အဝချောင်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင်   အလှူရှင်များဖြစ်‌သော ကိုမိုးဝင်းနှင့်ဇနီး မမြင့်မြင့်မော် (အဝချောင်း) ၇ သိန်းကျပ်၊ မသန္ဒာဝင်း မိသားစု (ရန်ကုန်)  ၂ သိန်းကျပ်၊ ကိုထွန်းဝင်းဇော် မိသားစု (ရွှေပြည်ကျော်ဆန်စက်) ဆန် ၁ အိတ်၊ ကိုကျော်သက်ဦး  (မော်ကျွန်း) ဆန် ၁ အိတ်၊ ဦးတင်ထွန်း မိသားစု (အားမာန်သစ်ဆန်စက်) ဆန်၁အိတ်၊ ရွှေမြင့်မိုရ် ဆန်စက်မိသားစု ဆန် ၁ အိတ်၊ ပတ္တမြား ဆန်စက်မိသားစု ဆန ်၁ အိတ်၊ ကိုဝမ်း (ကောင်းမွန် ဆန်စက်) ဆန် ၁ အိတ်၊ ရွှေကမ္ဘာဆန်စက် မိသားစု ဆန်၁အိတ်၊ ဦးကိုဦး (ရွှေပြည်သိမ်းဆန်စက်) ဆန်၁အိတ်၊ ဦးမျိုးကျော် (ရွှေပြည်သိမ်းဆန်စက်) ဆန် ၁ အိတ်၊ ကိုခိုင်အောင် (ငွေကြယ်စင်ဆန်စက်) ဆန် ၁ အိတ်၊ ကိုဇော်မင်း (ရွှေပြည့်စုဆန်စက်) ဆန် ၁ အိတ်၊ ကိုစန်းသူ စိုးစံ၊ (ရွှေပြည့်စုံဆန်စက်) ဆန် ၁ အိတ်၊ ကိုစံမြနှင့်ဇနီးမမြင့်မြင့်သွယ် (စက်သုံးဆီ ရောင်းဝယ်ရေး) ဆန် ၁ အိတ်၊ ကိုနိုင်ဦး ဆန်ကုန်သည် ၁၄ လမ်း ဆန် ၁ အိတ်၊ ထိုက်သူစံ စတိုး ၁၃ လမ်း ဆန် ၁ အိတ်၊ ကိုသက်ဦး မိသားစု (အဝချောင်း) ဆန်၁အိတ်၊ ကိုလွင်မိသားစု (မော်ကျွန်း)  စားဆီ ၂ပုံး၊ ဒေါ်ခင်ဦးမိသားစု(အ၀ချောင်း) စားဆီ ၂ ပုံး၊ ကိုမျိုးမင်းမိသားစု စားဆီ ၁ ပုံး၊ ကိုသာဝမ်း GSM မှ ရေသန့်ဘူး ၂၀၀၊ ဦးအောင်မောင်း မိသားစု (အဝချောင်း) ဆန် ၂ အိတ်၊ စုစုပေါင်းဆန်အိတ် ၄၀၊ စားဆီ ၆ပုံး စုစုပေါင်းတန်ဘိုးငွေ ၁၅ သိန်းအား အခြေခံလူတန်းစားတစ်ဦးလျှင် ဆန် ၅ ပြည်၊ ဆီ ၃၀ သား နှုန်းဖြင့် လှူဒါန်းပေးခဲ့သည်။ ဆက်လက်၍ ကံစမ်းမဲငွေ ၇၈၀၀၀ ကျပ်အား ၂၀၀၀ဆု ၁၂ ဆု၊ ၃၀၀၀ ဆု ၁၀ ဆု၊ ၅၀၀၀ ဆု ၅ဆု အားမဲဖောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)