ကျိုက်လတ်၌ ကိုဗစ်-၁၉ လူနာများအတွက် အရန်ဆေးရုံပြင်ဆင်ရန် တိုင်းကျန်းမာရေးဦးစီးဌာနမှူး လာရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁၁)နာရီခွဲခန့်က တိုင်းကျန်းမာရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်သည် ကျိုက်လတ် ၌ ကိုဗစ်-၁၉ လူနာများအတွက် အရန်ဆေးရုံပြင်ဆင်ရန် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စုများရှိ မဲရုံများအား ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ မြို့နယ်တာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းပြီး ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား စေတနာရှင်အလှူရှင် မိသားစုက စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား စေတနာရှင်အလှူရှင် မိသားစုက စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အောင်မြေ သာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၅၅)၊ ၈၁ လမ်း၊ ၁၄ လမ်းနှင့် ၁၅ လမ်းကြားရှိ အလှူရှင်မိသားစု၏ နေအိမ်ရှေ့တွင် ပြုလုပ်ခဲ့သည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ကျေးလက်ဒေသ ရိုးရာဓလေ့သုံး နွားလှည်းယာဉ်များ တိမ်ငုပ်ပျောက်ကွယ်မသွားရန် ထိန်းသိမ်းရန် လိုအပ်

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ကျေးလက်ဒေသ တောရွာများတွင် အသုံးပြုသော နွားလှည်းများမှာ (၁) လှည်းယာဉ် (၂)ခြံအိမ်လှည်း၊ (၃) ပေါင်းမိုးလှည်း၊ (၄) လှည်းမြီးတို၊ (၅) ရေစည်လှည်း၊ (၆) ဘုံလျှိုလှည်း၊ (၇) မယားကန်လှည်းဟူ၍ နွားလှည်းခုနှစ်မျိုးရှိသည့်အနက် လှည်းယာဉ်ကျော့ (ခေါ်) နွားလှည်းယာဉ်လည်း တစ်မျိုးအပါဝင်ဖြစ်သည်။ နွားလှည်းယာဉ်ဆိုသည်မှာ ခြောက်စတောင် ပွတ်လုံးရံတိုင်ကဲ့သို့ လှည်းအိမ်ကို အလှအပများနဲ့ ပြင်ဆင်မွမ်းမံထားသော အလှစီးလှည်းတစ်မျိုးဖြစ်သည်။

မိုးနဲမြို့၌ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ဖြင့် စိုက်ပျိုးထားသော နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၈) ဦးပိုင် ၃၄ ရှိ တောင်သူ ဦးစိုင်းသန်းထွန်း စိုက်ပျိုး ထားသော DU-12 မိုးစပါး (CS-RS)မျိုးစေ့ထုတ် စိုက်ခင်းနှစ်ဧကတွင် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၃၆)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့်စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ(၃၆)ဦးတို့ကို STANDARD Q Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့က စစ်ဆေးပေးခဲ့သည်။

မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများနှင့် တာ၀န်ရှိသူများက မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု များအား ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့ မြို့မစျေး၌ ကိုဗစ်−၁၉​ ရောဂါ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့ မြို့မစျေး၌ စျေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ကြည့်ရှုစစ်ဆေးခဲ့သည်။

သရက်ချောင်းမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

မိုင်းနောင်မြို့တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ယမန်နေ့၊ မွန်းလွဲ (၂)နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
Subscribe to