​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Centre အတွက် PPE ဝတ်စုံနှင့် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးသုံးပစ္စည်းများ လာ​ရောက်လှူဒါန်း

​ကျောက်တံတားမြို့နယ် ၃၈ လမ်း​ရှိ Community Based Facility Quarantine Center (ပြည်သူအ​​ခြေပြု အသွားအလာကန့်သတ်​​​စောင်ကြည့်​နေရာသို့ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်​ရေး လုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးအတွက် အလှူ​ငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်​စေတနာရှင်များမှ​ နေ့စဉ်လာ​ရောက်လှူဒါန်း ​ပေးလျက်ရှိရာ ယ​​မန်​နေ့ ​နေ့လယ်က LibyCompany က Quarantine Centre အတွက်​ တန်ဘိုး​ငွေကျပ်(၇၆၀၀၀ဝိ/-)(​ကျပ်-ခုနှစ်သိန်း​ခြောက်​သောင်း) တန်ဘိုးရှိ PPE ဝတ်စုံ(၄၀)၊ Liby ပိုးသတ်​ဆေးဘူး (၆၀) ဘူးတို့အား လာ​ရောက် လှူဒါန်းမှုအား တိုင်း​ဒေသကြီးလွှတ်​တော် ကိုယ်စားလှယ် ​ဒေါ်မြလှစံနှင့် ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမျိုးမြင့်နှင့်အဖွဲ့က လက်ခံရယူခဲ့​ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ် ကိုဗစ်-၁၉ ​​ရောဂါ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်ရေး​ကော်မတီမှ အခက်အခဲရှိ​သော အိမ်​ထောင်စုများသို့ ဒုတိယအကြိမ် အ​ခြေခံစား​သောက်ကုန်ပစ္စည်းများ​ထောက်ပံ့ပေးအပ်

​ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉​ ရောဂါ ဖြစ်ပွား​နေသည့် ကာလအတွင်း စား​သောက်​ရေး အခက်အခဲရှိ​နေ​သော မိသားစုများ အဆင်​ပြေ​စေရန် ရည်ရွယ်ကာ ကိုဗစ်-၁၉​​ ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်ရေး​ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း​နေထိုင်ကြ​သော အမှန်တကယ်အခက် အခဲရှိ​နေ​​​သော အိမ်​ထောင်စုများသို့ အ​ခြေခံစား​သောက်ကုန်ပစ္စည်းများကို​ ထောက်ပံ့​ပေးအပ်လျက်ရှိရာ ယမန်​နေ့​ နေ့လယ်က (၃၈)လမ်းနှင့် (၃၉)လမ်း(အလယ်ဘ​လောက်)ရှိ အိမ်​​ထောင်စု(၃၀၀)ထံသို့ အမျိုးသားလွှတ်​​တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်နှင့် အမှတ်(၂)တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်တို့က အ​ခြေခံစား​သောက်ကုန်များကို ပြည်သူ့များ လက်ဝယ်အ​ရောက် ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ​သို့ နံနက်စာ အစားအစာများ လာ​ရောက်လှူဒါန်း​ပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center​ရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယ​နေ့ နံနက်ပိုင်းက တိုရှီဘာ​ကျော်ဝင်းနှင့် ၃၆ လမ်းလူငယ်များအဖွဲ့မှ နံနက်စာအာဟာရ ဒါနအဖြစ်​ ခေါက်ဆွဲ​ကြော်၊ နန်းကြီးသုတ်နှင့်​ ကော်ဖီ ဘူးများ လာရောက်လှူဒါန်း​ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ZEP Electronic သုံးစွဲသူများ အရောင်းကိုယ်စားလှယ်နှင့် ဝန်ထမ်းမိသားစုများမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် PPE Level 2 ဝတ်စုံ(၁၅၀)စုံအား လာရောက်လှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း စဉ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ZEP Electronic သုံးစွဲသူများ အရောင်းကိုယ်စားလှယ် များနှင့် ဝန်ထမ်းမိသားစုများမှ PPE Level 2 ဝတ်စုံ (၁၅၀) စုံအား အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ ယမန်နေ့ နံနက်ပိုင်းက ခွဲဝေလှူဒါန်း ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ပရိယတ္တိစာသင်တိုက်များသို့ အလှူငွေနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် stay at home ကာလတွင် သံဃာတော်များ ဆွမ်းကိစ္စအဆင်ပြေ စေရန် ဗိုလ်တထောင် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်(၁၃)တိုက်သို့ အမှတ်(၃)ရပ်ကွက် အင်္ဂါပတ်သံင်္ဃဒါန ဆွမ်းလောင်းအသင်းအဖွဲ့နှင့် အလှူရှင်များက ဆန်၊ ဆီ အခြေခံစားသောက်ကုန်များနှင့် ဝတ္ထုငွေများကို ယနေ့ နံနက်(၉) နာရီက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်း ကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နီလာခန်းမ၌ ကျင်းပသည်။

အားကစားနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်းတင်ဆက်မှု အစီအစဉ်ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်းကာ အားကစားနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းတင်ဆက်မှုအစီအစဉ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမမှာ ဆွေးနွေးရိုက်ကူးခဲ့ ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ) လ(၁၀) Quarantine Centre သို့ ရေသန့်ကတ်(၁၇၈)ကတ် လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရပ်ကွက် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre သို့ ကိုဗစ်-၁၉ ရောဂါရှိသူ များနှင့် ဆက်စပ်သူများ၊ Volunteer များအတွက် လိုအပ်လျက်ရှိသည့် ရေသန့်ကတ်များကို ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက်တွင် အလှူငွေများနှင့် PPE ဝတ်စုံများ လာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက် အ.ထ.က(၁)ကျောင်း Quarantine Centre အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံး​ပြုနိုင်ရန် အလှူရှင်များက အလှူငွေများနှင့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်ပိုင်းက (ဆ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ လူမှုကူညီရေးအသင်း အဖွဲ့အစည်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းအစည်းအဝေးခန်းမ၌ လှူဒါန်းပေးအပ်ခဲ့ ကြောင်း သိရသည်။
Subscribe to