သာယာဝတီမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆင့်ပွား သင်တန်းဖွင့်လှစ်ပို့ချ

သာယာဝတီ အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီရိုင်၊    သာယာဝတီမြို့နယ်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊   ဒုတိယမဲရုံးမှူးများအား ရွေးကောက်ပွဲ ဆိုင်ရာ  အသိပညာပေး  ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်(၉) နာရီက သာယာဝတီမြို့နယ် မိုးလုံလေလုံအားကစားခန်းမတွင် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့်  မဲရုံမှူးနှင့်  ဒုတိယမဲရုံမှူး (၂၁၄) ဦးအား သင်တန်းပို့ချခြင်းကို (၂) ရက်ခွဲ၍ အောက်တိုဘာ(၂၄) ရက်နေ့မှ အောက်တိုဘာလ(၂၅) ရက်နေ့အထိ  နည်းပြ (၅) ဦးဖြင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏  အခန်းကဏ္ဍ၊ တာဝန်ဝတ္တရား၊ မဲရုံသုံးပုံစံများ ရေတွက်ခြင်း၊ မဲရုံပိတ် သိမ်းခြင်းနှင့် ရေတွက်ခြင်း၊ မဲရုံဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာများ၊  မသန်စွမ်းသူ၊  မဲဆန္ဒရှင်/ခက်ခဲသော မဲအခြေအနေများအား ကိုင်တွယ်ဖြေရှင်းခြင်း၊  ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံမှုဆိုင်ရာ အကြံပြုချက်များကို စာတွေ့လက်တွေ့ ပို့ချပေးမှာဖြစ်ပြီး သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ကိုဗစ်-၁၉  လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချလျက်ရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)