မူဆယ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးအား အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဆက်လက်ပို့ချ
(၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်း ဆောင်ကြမည့် မူဆယ်မြို့ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့တို့မှ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ များနဲ့ မဲရုံမှူး၊ ဒုမဲရုံမှူးများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မူဆယ်မြို့၊ အထက(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို ဆက်လက်ပို့ချလျက်ရှိ သည်။