နမ့်စန်မြို့နယ်တွင် မဲရုံမှူး နှင့် ဒုတိယမဲရုံမှူးများကို မဲရုံလုပ်ငန်းဆိုင်ရာ သင်တန်း ဆက်လက်ပို့ချ

နမ့်စန်() အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ အတွက် မဲရုံလုပ်ငန်း ဆိုင်ရာသင်တန်းကို အောက်တိုဘာလ ၂၄ ရက် တွင်စတင်၍ မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိရာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျန်ရှိသည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ ကို ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ၂၄ ရက်နေ့တွင်   နမ့်စန်မြို့ပေါ် ရပ်ကွက် ခုနှင့် ကျေးရွာအုပ်စု ၁၁ ခုတို့မှ မဲရုံမှူး နှင့် ဒုတိယမဲရုံမှူး ၁၀၄ ဦးကို သင်ကြားပို့ချခဲ့ပြီး  အောက်တိုဘာ ၂၅ ရက်နေ့တွင် ခိုလမ်မြို့ပေါ် ရပ်ကွက် ခုနှင့် ကျေးရွာအုပ်စု ခုမှ  မဲရုံမှူး နှင့် ဒုတိယမဲရုံမှူး ၁၀၂ ဦးကို ဆက်လက်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် နှင့်ကျေးရွာများ၌ မဲရုံပေါင်း ၁၀၃ ရုံ လျာထားဆောင်ရွက်ထားကာမဲရုံလုပ်ငန်းဆိုင်ရာသင်တန်းကိုကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းတင် အတွင်းရေးမှူးဦးသိန်းနိုင် နှင့် အဖွဲ့ဝင်ဦးသိန်းဟန်တို့က  မဲရုံဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန် ဝတ္တရားများနှင့်မဲရုံသုံးပစ္စည်းများအကြောင်း၊ မဲရုံသုံးပုံစံများဖြည့်သွင်းခြင်း မဲပေးရန်ကြိုတင် ပြင်ဆင်ခြင်း ၊မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့် ၊မဲပေးစဉ်ကြုံတွေ့ရလေ့ ရှိသောဖြစ်စဉ်များ ဖြေရှင်း ခြင်း မဲရေတွက်ခြင်းနှင့် ထုတ်ပိုးခြင်း စသည်တို့နှင့် မဲရုံလုပ်ငန်းဆိုင်ရာ ဆောင်ရန် ရှောင်ရန် လိုက်နာရန်အချက်များကို ဆွေးနွေးပို့ချ လျက်ရှိကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)