လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ (၁၄)ရက်ပြည့်မြောက်သူ (၂၅)ဦးအား နေရပ်သို့ ပြန်လည်စေလွှတ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်း စီစဉ်ဆောင်ရွက်ထားရှိသော ကန့်သတ်စောင့်ကြည့်ရေး စခန်းများ၌ စောင့်ကြည့်လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသ သီတဂူနန်းသီလာမြိုင် ဆေးရုံတွင် ၁၄ ရက် ပြည့် မြောက်၍ အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့ နံနက်ပိုင်းက မိမိနေအိမ်သို့ ပြန်မည့်သူများ အား ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

သန်လျင်ဆေးရုံကြီး Isolation Ward ပြင်ဆင်ပြီးစီးမှုအား ကြည့်ရှု

ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်သည် ယမန်နေ့ နံနက်က တာဝန်ရှိသူများနှင့်အတူ သန်လျင်မြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော Isolation Word အား ကြည့်ရှုပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရေး ညှိနှိုင်းဆွေးနွေးသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာအသိ ပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။

ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာ၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဧရာမင်းမိုးစပါးစိုက်ပျိုးကွက်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးသော ဧရာမင်းမိုးစပါး စိုက်ပျိုးကွက်များအား မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပျဉ်းခုံကြီး ကျေးရွာနေ အခြားတောင်သူများ၏ စိုက်ပျိုးကွက်များအား ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရ သည်။

ကမာရွတ်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းဖွင့်လှစ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ အ.ထ.က( ၂)ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အင်္ဂပူမြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ မဲရုံသုံးပစ္စည်းများထုတ်ပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအား အင်္ဂပူမြို့နယ်တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်‌ရန် အင်္ဂပူမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒေသအလိုက် ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများအား ယမန်နေ့က မဲရုံသုံးပစ္စည်းများအား ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။

ချီဖွေမြို့နယ် တောင်တန်းသာသနာပြုကျောင်းတိုက် အောင်တော်မူ ဆုတောင်းပြည့်စေတီတော် ပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးမျိုးသန့်နှင့်တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တောင်တန်းသာသနာပြု ကျောင်းတိုက်၌ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ဆေးရုံဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရပြီဖြစ် ကြောင်း သပိတ်ကျင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကျွန်းကြီးရွာရှိ စီမံကိန်းမြေနေရာအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု ကျွန်းကြီး ကျေးရွာရှိ စီမံကိန်းမြေနေရာအား ယနေ့ နံနက် (၉:၃၀) နာရီခန့်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to