လောက်ကိုင် အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီက အထက-၂ ကျောင်းတွင် မဲရုံမှူး ၊ ဒုတိယမဲရုံမှူး ဆင့်ပွား သင်တန်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဦးအာကာမင်းမှ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး မြိုနယ်ပညာရေးမှူး ဦးကျော်ဝင်းမှ သင်တန်းသားများအား မိမိတို့၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးကြပါရန်ပြောကြားသည်။
သင်တန်းအား ယနေ့အောက်တိုဘာ(၂၅)ရက်နေ့တွင် အပိုင်း(၂)ပိုင်းခွဲ၍ သင်ကြားပို့ချ သွားမည်ဖြစ်ပြီး ပညာရေးဝန်ထမ်းသင်တန်းသား(၅၈)ဦး တက်ရောက် သင်ကြား ခဲ့ကြောင်းသိရှိရသည်။
နန်းခွာညိုနှင်း (ပြန်/ဆက်)