နမ့်စန်မြို့နယ်တွင် အငြိမ်းစား ရဲဝန်ထမ်းများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

နမ့်စန်() အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး ကာလ အတွင်း အငြိမ်းစား ရဲတပ်ဖွဲ့ဝင်များကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်၉နာရီက မြို့နယ်ရဲတပ်ဖွဲ့စခန်းအတွင်းရှိ ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇေယျာကျော်က အငြိမ်းစားရဲတပ်ဖွဲ့ဝင်ဟောင်းများကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇေယျာကျော် နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းအောင် နှင့် နမ့်စန်မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး စိုးမိုးထွန်း တို့က နမ်စန်မြို့နယ်အတွင်းရှိ အငြိမ်းစား ရဲဝန်ထမ်းဟောင်း ဦးကို ဆန် ဆီ ဆား ပဲ ကြက်သွန် ၊ကြက်ဥ စသည့် အခြေခံစားသောက်ကုန်များ (စုစုပေါင်းတန်ဖိုး ၁၄၀၀၀၀ ကျပ်)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အငြိမ်းစား ရဲဝန်ထမ်းများက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

သူရအောင်(ပြန်/ဆက်)